ယင်းမာပင်ခရိုင် ကနီမြို့၌ Mask များအခမဲ့ဖြန့်ဝေခြင်းဆောင်ရွက်

ကနီ   စက်တင်ဘာ   ၂၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ကနီမြို့တွင် အလှူရှင်များနှင့် လူမှုအဖွဲ့အစည်းများ စုပေါင်း ၍ Mask များ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့ နံနက်ပိုင်းက ဖြန့်ဝေ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ Mask များဖြန့်ဝေခြင်းကို အမှတ်(၁) ရပ်ကွက်မှ ဦးအောင်ဝင်းဦး ဦးဆောင်၍ အလှူရှင်များစုပေါင်းပြီး ကနီမြို့ရေဝါချောင်းတံတားအဝင်ဂိတ်၊ ကနီ မင်းကင်းလမ်း အဝင်ဂိတ်၊ မြို့မ စျေး၊ ချင်းတွင်းမြစ်ကမ်းနားလမ်း​တစ်လျောက်နှင့် မြို့လယ်လမ်းမတို့တွင် ခရီးသွား ပြည်သူ များအား မြို့နယ်ကြက်ခြေနီအဖွဲ့ မြိူ့နယ်ဟိတပုညလူမှုကူညီရေးအသင်းနှင့် ကနီမြို့ ဓမ္မစကူး အဖွဲ့များဖြင့် ပူးပေါင်း၍ Mask  (၃၀၀၀) နှင့် အပြင်ထွက်တိုင်းMask တပ်ပါ စတေကာများ အခမဲ့ဖြန့် ဝေပေးခဲ့ ကြောင်း ဦးအောင်ဝင်းဦး ထံမှ သိရသည်။

ခင်ဝင်းကြည် ( ပြန် / ဆက် )