ကလေး စက်တင်ဘာ ၂၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့တွင် ကိုဗစ်-၁၉ကပ်ရောဂါ ကာကွယ် ထိန်းချုပ်တားဆီးနိုင်ရေးအတွက် မြို့ဝင်မြို့ထွက်များ၌ ဖွင့်လှစ်ထားရှိသော ဂိတ်များသို့ ကိုဗစ်-၁၉ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ နှာခေါင်း စည်း၊ လက်သန့် ဆေးရည်နှင့် စားသောက်ဖွယ်ရာများကို ယနေ့ နံနက်ပိုင်းက သွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။
ယင်းသို့ လှူးဒါန်းခဲ့ပြီးနောက် မြို့နယ် ကိုဗစ်-၁၉ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေး ပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဉီးဆန်းဗိုလ်က ကိုဗစ်-၁၉ကပ်ရောဂါကူးစက်ပြန့်နှံ့မှု ပိုမိုမြင့် မားလာ သည်နှင့်အညီ မင်းကင်းမြို့ မြို့ဝင်ဂိတ်(၃)နေရာတွင် သွားလာနေသော ခရီးသွားပြည် သူများ ၏ ခရီးစဉ် မှတ်တမ်းများကို တာဝန်ရှိသူများက စနစ်တကျ ထားရှိရန်၊ ခရီးသွား ပြည်သူများ အနေဖြင့် Mask တပ်ဆင် မှု မရှိဘဲ သွားလာနေပါက သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေအရ အရေးယူ ဆောင်ရွက် သွားမည်ဖြစ်ကြောင်းနှင့် တာဝန်ကျအဖွဲ့များအား လိုအပ်ချက်များရှိပါက အချိန်နှင့် တစ်ပြေးညီ မြို့နယ် ကိုဗစ်-၁၉ကပ်ရောဂါ ကာကွယ် ထိန်းချုပ် ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ သို့ ဆက်သွယ်ဆောင် ရွက်ကြရန် အကြံပြုမှာ ကြားခဲ့ ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)