နတ်မောက်မြို့နယ် ဂွေးကုန်းအုပ်စုအတွင်းရှိ အိမ်ထောင်စု(၅၂၈)စု သို့ ဆန်နှင့် ကြက်ဥ တို့ကို သွားရောက် လှူဒါန်း

နတ်မောက်    စက်တင်ဘာ ၂၉

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ဂွေးကုန်းအုပ်စု ဂွေးကုန်းကျေးရွာ၊ တောင်ဦး(တ)၊ တောင်ဦး(မ)ကျေးရွာများရှိ အိမ်ထောင်စုများသို့ ယမန်နေ့ နေ့လည် (၂)နာရီခန့်က နတ်မောက် ကွန်ရက် ပရဟိတ လူမှုအကျိုးပြုအသင်း ၊ သိဒ္ဓိစုံ ဆန်၊ ဓါတ်မြေဩဇာ ရောင်းဝယ်ရေးနှင့် တက်တိုး ဓါတ် မြေဩဇာကုမ္ပဏီ မိသားစုတို့စုပေါင်းအားဖြင့် ဆန်၊ ကြက်ဥ များ လှူဒါန်းခဲ့ ကြောင်း သိရသည်။

ဂွေးကုန်းအုပ်စု ဂွေးကုန်းကျေးရွာ၊ တောင်ဦး(တ)၊ တောင်ဦး(မ)ကျေးရွာများရှိ အိမ်ထောင်စု (၅၂၈)စုရှိရာ အိမ်ထောင်စုတစ်စုလျှင် ဆန် (၄)ပြည် ၊ ကြက်ဥ (၅)လုံးနှင့် ဘုန်းကြီးကျောင်း လေး ကျောင်း အတွက် ဆွမ်းဆန် (၂၄)ပြည်အိတ် (၄)အိတ်လှူဒါန်းခဲ့ရာ စုစုပေါင်းဆန် (၂၄)ပြည်အိတ် (၉၂)အိတ်နှင့် ကြက်ဥ (၂၆၄၀)လုံး လှူဒါန်းပေးခဲ့ကြောင်းသိသည်။

သင်းသင်းဝေ(နတ်မောက်)