တောင်တွင်းကြီး စက်တင်ဘာ ၂၉
မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ်တွင် အသက်(၈၅)နှစ်နှင့် အထက် သက် ကြီး ဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ နေ့လယ်(၁) နာရီခွဲ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ် ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးမင်းသိန်းက အမှာစကားပြောကြားခဲ့ပြီး မြို့နယ် အုပ်ချုပ်ရေးမှူးဦးအောင်မြင်က လူမှုရေးပင်စင်ထောက်ပံ့ ပေးအပ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်း ပြောကြားခဲ့ကာ ဘိုးဘွားတစ်ဦးလျှင် လူမှုရေးပင်စင် ထောက်ပံ့ ငွေကျပ် ၃၀၀၀၀ နှုန်း ဖြင့် မြို့နယ်အတွင်းရှိ သက်ကြီးဘိုးဘွား (၁၅၅၉)ဦး အတွက် စုစုပေါင်းထောက်ပံ့ငွေကျပ် (၄၆၇၇၀၀၀၀/-) ကို တာဝန်ရှိသူများက သက်ဆိုင်ရာ ရပ်ကွက် /ကျေးရွာ အုပ်ချုပ်ရေးမှူးများ ထံသို့လွှဲပြောင်းပေး အပ်ခဲ့ကြကြောင်းသိရသည်။
အဆိုပါ ထောက်ပံ့ငွေများပေးအပ်ခြင်းကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချ ထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် (ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာ)လများအတွက် ထောက်ပံ့ပေးအပ်ခြင်းဖြစ်ပြီး အခမ်းအနားသို့ လွှတ်တော် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာ၀န်ရှိသူများနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ် ရေးမှူးများ တတ်ရောက်ခဲ့ကြကြောင်း သိရသည်။
အေးမိုးမိုးမြင့်(ပြန်/ဆက်)