မကွေးတိုင်းဒေသကြီး ၊ နတ်မောက်မြို့နယ်တွင် (၅၆) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ ဂုဏ်ပြုသောအားဖြင့်သန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်

နတ်မောက်  စက်တင်ဘာ  ၂၉

မကွေးတိုင်းဒေသကြီး ၊ နတ်မောက်မြို့နယ်တွင် ( ၅၆ )နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ် ဖွဲ့နေ့ကိုဂုဏ်ပြု သောအားဖြင့် နတ်မောက်မြို့နယ် ရဲတပ်ဖွဲ့မှ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး အောင်သန်းမြင့် ၊ မြို့မရဲစခန်းမှူး ဒု-ရဲမှုးစိုးဝင်း ဦးဆောင်သောတပ်ဖွဲ့ဝင်များနှင့် မိသားစု ဝင်များက ယမန်နေ့ နံနက် ( ၇  )နာရီခန့်က ဆုတောင်း ပြည့်ဘုရားကြီး ကျောင်းတိုက် ဘုရား ရင်ပြင်တော်၌ သန့်ရှင်းရေးပြု လုပ်ခြင်း ၊ ဆပ်ပြာမှုန့်များပက်ဖြန်း၍ ရေဖြင့် ဆေးကြောကာ သန့်ရှင်းရေးလုပ်ငန်းများ စုပေါင်း ဆောင်ရွက်ခဲ့သည်။   

                                       

ထိုသို့ဆောင်ရွက်ရာတွင် နတ်မောက်မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး အောင်သန်းမြင့်နှင့် စခန်း မှူးဒုရဲမှူး စိုးဝင်းတို့ဦးဆောင်သည့်တပ်ဖွဲ့ဝင်(၃၂)ဦး၊မိသားစုဝင်(၁၇)ဦး ၊ မြို့နယ် မီးသတ် တပ်ဖွဲ့ လက်ထောက် မီးသတ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင် ( ၆ ) ဦးတို့က မီးသတ်ရေယာဉ်ဖြင့် ဘုရားကြီး ရင်ပြင်အား ရေများ ဖြန်းပက်၍ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက် ခဲ့ကြောင်းသိရသည်။

မူမူစန်း( နတ်မောက်)