မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ်တွင် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်ထုတ်ပေး နိုင်ရေး ကွင်းဆင်းစစ်ဆေး

မြို့သစ် စက်တင်ဘာ ၂၉

မကွေးတိုင်ဒေသကြီး ၊   မြို့သစ်မြို့နယ်  မြတ်လေးကုန်းကျေးရွာအုပ်စု ကွင်းအမှတ် (၁၃၈၆) တောရကျောင်း ကွင်းအတွင်းရှိ ဦးပိုင်အမှတ် ( ၃ /၂၅၇ ၊ ၃ / ၂၅၈ )ဧရိယာ (၃.၈၁)ဧကနှင့် ကွင်းပိုင် အမှတ် (၂၀)ယာမြေဧရိယာ (၀.၃၃)ဧကတို့အား သိုး ၊ ဆိတ် ၊ နွား ၊   ကြက် မွေးမြူရေးခြံ တည်ဆောက် အသုံးပြုရန် လယ်ယာမြေအခြားနည်း အသုံးပြုခွင့် လျှောက် ထားမှုအပေါ် ခရိုင် လယ်ယာ မြေစီမံခန့်ခွဲ မှုအဖွဲ့မှကွင်းဆင်းစစ်ဆေးရာ မြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှုဥက္ကဋ္ဌ  မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦးနှင့် မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန ဦးစီးအရာရှိ  ဦးကျော်လွင်တို့မှ လိုက်လံ ရှင်းလင်းပြသခဲ့ကြောင်းသိရသည်။

ဆက်လက်၍   ခရိုင်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သည်  မြို့သစ်မြို့နယ်     ကံဆွယ် ကျေးရွာ မှ တောင်သူ (၄၆)ဦး၏ လယ်ယာမြေဧရိယာ ( ၁၁၆.၄၁)ဧကအား ၂၀၁၆-၂၀၁၇ ခုနှစ် ၊ စက်မှုလယ်ယာ ဦးစီးဌာနမှ    တစ်ဆင့်မြှင့်  လယ်ယာဖော်ထုတ်ပြီးစီးမှုအပေါ် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်ထုတ်ပေးနိုင်ရေးမြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၏ဆောင်ရွက်ထားရှိမှုအခြေအနေများကိုခရိုင်လယ်ယာမြေစီမံခန့်ခွဲ ရေးနှင့်စာရင်းအင်းဦးစီးဌာနမှ တာဝန်ရှိသူများမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦး ၊    မြို့နယ်လယ်ယာ မြေစီမံ ခန့်ခွဲရေးနှင့် စာရင်း အင်း ဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်လွင်နှင့်ကျေးရွာအုပ်ချုပ် ရေးမှူးများ ပူးပေါင်း ၍ ယမန်နေ့နေ့လည်ပိုင်းက လှည့်လည်ကွင်းဆင်းစစ် ဆေးခဲ့ကြကြောင်းသိရသည်။

မြင့်မြင့်ထွေး ( ပြန်/ဆက်)