မကွေး စက်တင်ဘာ ၂၉
(၅၆)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စက်တင်ဘာလ ၂၉ ရက် ယနေ့ နံနက် ၈ နာရီက အမှတ်(၂၅)လုံခြုံရေးရဲတပ်ဖွဲ့ခွဲ(မကွေး)မှ မကွေးမြို့ တိုင်းပြည်သူ့ ဆေးရုံ ကြီးတွင် ပြည်သူအကျိုးပြုလုပ်ငန်းအဖြစ် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုဆောင်ရွက်မှုတွင် မကွေးတိုင်းပြည်သူ့ဆေးရုံဝန်းအတွင်း သန့်ရှင်းသာယာလှပစေရေး အတွက် အမှတ်(၂၅) လုံခြုံရေးရဲတပ်ဖွဲ့ခွဲ(မကွေး)မှ တပ်ဖွဲ့ခွဲမှူး ဒုရဲမှူးကြီး ကျော်မင်းလှိုင် ဦးဆောင် မှု ဖြင့် အရာရှိ တပ်ဖွဲ့ဝင်(၁၇၀)ဦးတို့က ဆေးရုံဝန်းအတွင်း ပေါက်နေသော ချုံနွယ်နှင့် အမှိုက်များကို စုပေါင်းသန့်ရှင်းရေး ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြသည့် အမှတ်(၂၅)လုံခြုံရေးရဲတပ်ဖွဲ့ခွဲ (မကွေး)မှ တပ်ဖွဲ့ဝင်များအား တိုင်းပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ ဝင်းဝင်ဌေးနှင့် ကျန်းမာရေးဝန်ထမ်း ဆရာ/ ဆရာမများက နှာခေါင်းစည်း(Mask)၊ ရေသန့်ဘူး၊ အချိုရည်ဘူးနှင့် စားသောက် ဖွယ်ရာများ ပေးဝေခဲ့ ကြောင်း သိရသည်။
သန်းနိုင်ဦး(ငဖဲ)