လွိုင်ကော် မတ်လ ၁
၂၀၂၃ ခုနှစ်၊ ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် (၂၆)ကြိမ်မြောက်အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ကွန်ပျူတာပန်းချီပြိုင်ပွဲကို လွိုင်ကော်မြို့၊ ကွန်ပျူတာတက္ကသိုလ်ကျောင်း၌ ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
၂၀၂၃ ခုနှစ်၊ ဇွန်လ(၂၆)ရက်နေ့ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတ်မှတ်ထားသည့် ဆောင်ပုဒ်များဖြစ်သော “မူးယစ်ဆေးရန်တို့တွန်းလှန် ကြိုးစားတိုက်ဖျက်နိုင်ငံအတွက်” ၊ “မူးယစ်ကင်းစင် တို့ပြည်တစ်ခွင် သာယာလှပလူမှုဘဝ” ၊ ငါတို့ရဲ့အနာဂတ် သာယာလှပဖို့ မူးယစ်ကင်းစင်ကမ္ဘာဖန်တီးစို့”၊ “မျိုးဆက်သစ်များတိုးတက်ဖို့ မူးယစ်ဆေးမှန်သမျှ တိုက်ထုတ်စို့” ၊ “လုံခြုံစိတ်ချပြည်သူ့ဘဝ မူးယစ်မှန်သမျှတိုက်ဖျက်ကြ” ၊ “မိသားစုနွေးထွေးမှုဖြင့် မိမိ၏ရင်သွေးများအား မူးယစ်ဆေးဝါးအန္တရာယ်မှကာကွယ်ကြပါစို့ (Photo Essay)’’ ၊ “လူသားချင်းစာနာ ကျန်းမာဖို့ ၊ စိန်ခေါ်မူးယစ်တိုက်ဖျက်စို့ ”စသည့် ဆောင်ပုဒ်များနှင့်အညီ ပြိုင်ပွဲဝင်ကျောင်းသား/ ကျောင်းသူများမှ ဝင်ရောက်ယှဉ်ပြိုင်ကြသည်။
အဆိုပါယှဉ်ပြိုင်နေမှုအား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီး ကာကွယ်ရေးအဖွဲ့ဝင်များနှင့် ပြိုင်ပွဲကျင်းပရေးကော်မတီဝင်များမှ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)