မအူပင် မတ် ၁
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုရန် စာရင်းပေးထားသည့် ကျောင်းသား/ကျောင်းသူများအား တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများကို ယနေ့နံနက်ပိုင်းက သက်ဆိုင်ရာစာစစ် ဌာနများနှင့် မြို့နယ်ပညာရေးမှူးရုံးတွင် စတင်ထုတ်ပေးလျက်ရှိသည်။
မအူပင်မြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန်စာစစ်ဌာန (၇)ခု၊ ကျောင်းတွင်းဖြေဆိုသူ (၅၁၃)ဦး၊ ကျောင်းပြင်ပဖြေဆိုသူ(၆၅၇)ဦး၊ စုစုပေါင်းဖြေဆိုသူ (၁၁၇၀)ဦး ဝင်ရောက်ဖြေဆိုမည် ဖြစ်ကြောင်းမြို့နယ်ပညာရေးမှူးရုံးမှသိရသည်။
ခရိုင်(ပြန်/ဆက်)