သဲကုန်းမြို့၌ တောင်သူလယ်သမားနေ့အထိမ်းအမှတ် အသိပညာပေး Talk Show ပြုလုပ်

သဲကုန်း မတ် ၁

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ပူးပေါင်း၍  တောင်သူလယ်သမားနေ့အထိမ်းအမှတ် အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့ နေ့လယ်၁နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community Centre ခန်းမတွင် ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ မြို့နယ်ဦးစီးမှူးဒေါ်ဝင့်နန္ဒာဌေးက ဆောင်ရွက်ရသည့်ရည်ရွယ်ချက်အား ရှင်းလင်းပြောကြား၍ မြို့နယ်စာရေးဆရာအသင်းမှ အဖွဲ့ဝင်ကိုထက်ပိုင်မင်း(ကိုပိုင်-သဲကုန်း)မှ  တောင်သူလယ်သမားနေ့ ဖြစ်ပေါ်လာမည့် နောက်ခံသမိုင်း၊  ပေါ်ပေါက်လာပုံစသည့် အကြောင်းအရာတို့ကို  ဆွေးနွေးပြောကြားခဲ့သည်။ အဆိုပါအသိပညာပေး Talk Show   ဆွေးနွေးပွဲကို “မြန်မာနိုင်ငံသားအများစုမှာ တောင်သူလယ်သမား သို့မဟုတ် လယ်ယာကဏ္ဍအမှီပြု၍ အသက်မွေးဝမ်းကျောင်း လုပ်ကိုင်နေသူများ ဖြစ်ပြီး နိုင်ငံလူဦးရေ၏ ၇ဝ ရာခိုင်နှုန်းမှာ လယ်ယာလုပ်ငန်းများဖြင့် အသက်မွေးကြသူများဖြစ်၍ခေတ်အဆက်ဆက် အားထားရသော တောင်သူများအားဂုဏ်ပြုသည့်အနေဖြင့် စီစဉ်ဆောက်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)