ကန့်ဘလူမြို့နယ်၌ အသက် ၂ နှစ် အောက်ကလေးငယ်များနှင့်ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာ ကွယ်ဆေး ထိုးနှံတိုက်ကျွေး

ကန့်ဘလူ မတ်  ၁

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် ကလေးငယ်များကျန်းမာသန်စွမ်းစေရေးအတွက် မြို့ပေါ်ရပ်ကွက်များမှ အသက် ၂ နှစ်အောက် ကလေးငယ်များနှင့်ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများကို မတ် ၁ ရက် နံနက် ၉ နာရီက မိခင် နှင့်ကလေးကျန်းမာရေး ဌာန၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးရာတွင် အသက် ၂ နှစ်အောက်ကလေးငယ်များအား အသက်အရွယ်အလိုက်  ဘီစီဂျီ၊ အဆုတ်ရောင်၊ ဦးနှောက်အမြှေးရောင်၊ ပြင်းထန်အဆုတ်ရောင်၊ ငါးမျိုးစပ် ကာကွယ်ဆေး၊ ဝက်သက်၊ ဝမ်းပျက်ဝမ်းလျောရောဂါကာကွယ်ဆေး၊  ဂျိုက်သိုး၊ ပိုလီယို ကာကွယ်ဆေးများကို ထိုးနှံတိုက်ကျွေးပေးပြီး၊ ကိုယ်ဝန်ဆောင် မိခင်များအား မေးခိုင်၊ ဆုံဆို့နာ ကာကွယ်ဆေးများ ထိုးနှံပေးခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ကာကွယ်ဆေး ထိုးနှံပေးခြင်းများကို သတ်မှတ်ရက်များအလိုက် ဆက်လက်ထိုးနှံပေးသွား မည်ဖြစ်ကြောင်း ဘက်စုံသားဖွားဆရာမ ဒေါ်သီတာထံမှသိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)