ကျွန်းလှ မတ် ၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ ရှမ်းစုကျေးရွာ၊ ကွင်းအမှတ် (၄၉၆) တောင်သူ ဦးနိုင်၏ ဆောင်းနေကြာ အထွက်တိုးစံပြကွက် (၅) ဧကတွင် ယနေ့နံနက် ၉ နာရီက ကွင်းဆင်းစစ်ဆေးခဲ့သည်။
ထိုသို့ စစ်ဆေးရာတွင် ကျွန်းလှမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးတင့်ထူးနှင့် တာဝန်ရှိသူများက အောင်မြင်ဖြစ်ထွန်းနေသော နေကြာစိုက်ခင်းများ ကြည့်ရှုစစ်ဆေးပြီး အကျိုးဆောင်တောင်သူများအား လိုအပ်သည်များ အကြံပြုဆွေးနွေးခဲ့သည်။
အဆိုပါနေကြာစိုက်တောင်သူများအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက မျိုးကောင်း မျိုးသန့်များ ဖြန့်ဖြူးပေးခြင်း၊ ကွင်းသရုပ်ပြပွဲများကျင်းပခြင်း၊ ယူရီးယားဓာတ်မြေဩဇာများ ဈေးနှုန်းသက် သာစွာ ဖြန့်ဖြူးပေးနှင့် စိုက်ပျိုးရေးဆိုင်ရာ နည်းပညာများ အသိပညာပေးလျ က်ရှိကြောင်း သိရသည်။
ကျွန်းလှမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ နေကြာစိုက်ပျိုးရန် ၅၁၂ ဧကလျာ ထားပြီး ၁၂၂၅ ဧက (၂၃၅ ဒသမ ၁၂) ရာခိုင်နှုန်းစိုက်ပျိုးနိုင်ခဲ့ကြောင်း၊ အထွက်တိုး စံပြကွက်အဖြစ် ဧက ၃၀ စိုက်ပျိုးကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မျိုးဝင်းညို ကျွန်းလှ