စစ်ကိုင်း မတ် ၁
ကုသရေးဦးစီးဌာန၊ ပြည်သူ့ဆေးရုံကြီး၊ စစ်ကိုင်းမြို့မှ ကြီးမှူး၍ ဆေးဝါးကျွမ်းကျင်း-၄ ဆေးစပ် (ဓာတ်မှန်) စိစစ်ရေးမှူး-၄ (ဆေးမှတ်တမ်း) သင်တန်းဆင်းပွဲကို ယနေ့ နံနက်ပိုင်းက အဆိုပါ ဆေးရုံးကြီးရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သင်တန်းဆင်းပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကုသရေးဦးစီးဌာန၊ တိုင်းဓဒသကြီးဦးစီးမှူး ဒေါက်တာဝင်းနိုင်က ယခုသင်တန်းကို(၆)လကြာ သင်ကြားပို့ချပေးခဲ့ပြီး သင်တန်းသား၊ သင်တန်းသူ များအနေဖြင့် သင်တန်းကပို့ချပေးလိုက်တဲ့ ပညာရပ်တွေ/ ဘာသာရပ်တွေကို မိမိကျရာဒေသရောက်ရှိ တာဝန်ထမ်းဆောင်ကြတဲ့အခါ လက်တွေ့အသုံးချဆောင်ရွက်သွားကြစေလိုကြောင်း၊ နိုင်ငံတော်မှ အားထားရတဲ့ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်မှုရှိကြတဲ့ ပညာရှင်များဖြစ်အောင် စွမ်းစွမ်းတမံ ကြိုးစားသွားကြပါလို့ အထူးမှာကြားလိုကြောင်း စသည်ဖြင့်ပြောကြားကာ သင်တန်းနည်းပြ ဆရာ/ ဆရာမများအတွက် အမှတ်တရဂုဏ်ပြုလက်ဆောင်ပေးအပ်ရာ ဆေးရုံးအုပ်ကြီးက လက်ခံပေးခဲ့သည်။
အဆိုပါသင်တန်းကို ၂၀၂၂ခုနှစ်၊ စက်တင်ဘာ(၁)ရက်နေ့မှ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ(၂၈)ရက် နေ့အထိ(၆)လကြာ သင်တန်းပို့ချပေးခဲ့ပြီး သင်တန်းသား/ သင်တန်းသူ (၆၈)ဦး တက်ရောက်အောင် မြင်ခဲ့ကြကြောင်းနှင့် သင်တန်းဆင်းပွဲသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ကုသရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးနှင့်တာဝန်ရှိသူများ၊ စစ်ကိုင်းမြို့ ကုတင်(၂၀၀)ဆံ့ ပြည်သူ့ဆေးရုံအုပ်ကြီးနှင့် တာဝန်ရှိသူများ သင်တန်းသား/ သင်တန်းသူများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။
ဇော်မြင့်နိုင်