သာပေါင်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတတ်ရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊စာ‌ရေးများ လကုန်လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

သာပေါင်း မတ် ၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ စာ‌ရေးများ လကုန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ နံနက် ၁၀ နာရီအချိန် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ပြည်အေးခန်းမ၌ ကျင်းပကြသည်။

ဒေသဖွံ့ ဖြိုးတိုးတတ်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်၊ အတွင်းရေးမှူးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးလှဝင်း၊ အဖွဲ့ဝင် (၁) ဗိုလ်မှူးသန်းနိုင်၊ အဖွဲ့ဝင်(၂)ဦးကျော်တိုး၊ အဖွဲ့ဝင်(၃)မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိဦးမြင့်မြတ်‌ဇော်တို့မှ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ လကုန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်ပြီး လုံခြုံရေးမပြတ်ဆောင်ရွက်ရန်၊ ပြည်သူ့လုံခြုံရေးကြီးကြပ် အဖွဲ့ဝတ်စုံဆင်ရန်၊ လုပ်ငန်းတာဝန်ခွဲဝေဆောင်ရွက်ရန်၊ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများကို အားပေးစကားပြောကြားရန်၊ ဓာတ်ပုံမှတ်တမ်းတင်ပြရန်၊ အပတ်စဉ်စနေနေ့တိုင်း သန့်ရှင်းရေးဆောင်ရွက်ရန်၊ ထူးခြားဖြစ်စဉ်သတင်းပို့ရန်၊ ဧည့်စာရင်းစစ်ဆေးရန်၊ နေကြာစိုက်ပျိုးပြီးစီးမှု ရိတ်သိမ်းမှုမှန်တမ်းတင်ရန်၊နိုင်ငံစီးပွားမြှင့်တင်ရန်ပုံငွေ နွေစပါး၊ ပဲတီစိမ်းသွင်းအားစုပြန်လည်ပေးသွင်းရန်၊ မီးဘေးအန္တရာယ်ကင်းရှင်းရေးဆောင်ရွက်ရန်၊ တရားမဝင်စက်သုံးဆီဆိုင်များရှင်းလင်းဆောင်ရွက်ရန်နှင့်အထွေထွေကိစ္စရပ်များအား ဆွေးနွေးမှာကြားရာရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများမှ ပြန်လည်ဆွေးနွေးတင်ပြချက်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
မျိုးဇော်သိန်း

သာပေါင်း (ပြန်/ဆက်)