ပန်းတနော် မတ် ၁
အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်ခိုင်နှင့်အဖွဲ့ဝင်များသည် ယနေ့ နံနက် ၉ နာရီအချိန်က ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ် မရမ်းကျေးရွာ ကိုးနဝင်းကျောင်းတွင် အနောက်တောင် တိုင်းစစ်ဌာနချုပ် အမှတ် (၄) စစ်မြေပြင်ဆေးတပ်ရင်း တပ်မတော်နယ်လှည့် ဆေးကုသရေးအဖွဲ့မှ ဒေသခံပြည်သူများအား နယ်လှည့်ကွင်းဆင်း ဆေးကုသပေးနေမှုအခြေအနေအနေအား ကြည့်ရှုအားပေးစကား ပြောကြားခဲ့သည်။
အဆိုပါ တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့တွင် အထွေထွေဆေးကုသမှုပါရဂူ၊ ခွဲစိတ်ပါရဂူ၊ နား နှာခေါင်း လည်ချောင်း ခွဲစိတ်ပါရဂူ၊ မျက်စိရောဂါခွဲစိတ်ပါရဂူ၊ အရိုးရောဂါခွဲစိတ်ပါရဂူ၊ ဓါတ်မှန်ပါရဂူ၊ သွားရောဂါပါရဂူစသည့် တပ်မတော်မှ ဆရာဝန်ကြီးများဖြင့် ဒေသခံပြည်သူများအား ကျန်းမာရေးစစ်ဆေးခြင်း၊ ကုသခြင်းများကို ဆောင်ရွက်ပေးလျက်ရှိရာ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ကြည်ခိုင်နှင့် အဖွဲ့ဝင်များမှ လိုက်လံကြည့်ရှုအားပေးစကားပြောကြားခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးနိုင်ဝင်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ လူမှုရေးအသင်းအဖွဲ့များက လိုအပ်သည်များကို ကူညီပေါင်းစပ်ဆောင်ရွက်ပေးလျက် ရှိကြောင်းသိရသည်။
ပြည့်ဖြိုးကျော် (ပြန်/ဆက်)