ကလိန်အောင် မတ် ၁
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်တွင် ၂၀၂၂- ၂၀၂၃ ပညာသင်နှစ်အတွက် အဋ္ဌမတန်း (Grade- 9) နှစ်ဆုံးစာမေးပွဲများကို ဖေဖော်ဝါရီ ၂၂ ရက်က စတင်ဖြေဆိုခဲ့သည်။
ကလိန်အောင်မြို့တွင် အခြေခံပညာကျောင်းပေါင်း(၁၀)ကျောင်းရှိရာ တိုင်းစစ် Grade-9 ကျောင်းသား၊ ကျောင်းသူများသည် ကလိန်အောင်မြို့ အခြေခံပညာအထက်တန်ကျောင်းတွင်ယနေ့နံနက်ပိုင်းက အထွေထွေသိပ္ပံဘာသာရပ်အား ဖြေဆိုပြီးစီးခဲ့ ကြောင်းသိရ သည်။
အဆိုပါ ကျောင်းသား/ကျောင်းသူများ နှစ်ဆုံးစာမေးပွဲများကိုဖြေဆိုနိုင်ရန် ကလိန်အောင်မြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး၏ ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာကျောင်းများမှ တာဝန်ကျဆရာ၊ ဆရာမများက အနီးကပ်ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိပြီး ကျောင်းအကျိုးတော်ဆောင်များနှင့် ကျောင်းသားမိဘများ ကလုံခြုံရေးကိစ္စရပ်များအား ကူညီဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ခင်ခင်လဲ့(ကလိန်အောင်)