မြို့သစ် မတ် ၁
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာအလယ်တန်းအဆင့် Grade-9 အတန်း၏ နှစ်ဆုံးစာမေးပွဲကို ဖေဖော်ဝါရီ ၂၂ ရက်က စတင်၍ အခြေခံပညာကျောင်းများအလိုက် ဖြေဆိုလျက်ရှိရာ ယနေ့ မတ်လ ၁ ရက်တွင် အောင်မြင်စွာ ဖြေဆိုပြီးစီးပြီဖြစ်ကြောင်း သိရသည်။
မြို့သစ်မြို့နယ်အတွင်း အခြေခံပညာကျောင်းများမှ အလယ်တန်းအဆင့် Grade-9 တွင် ဖြေဆိုသူ ကျား (၈၃၁)ဦး၊ မ (၁၀၄၈)ဦး စုစုပေါင်း စာမေးပွဲဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူ(၁၈၇၉)ဦး ရှိပြီး ဖေဖော်ဝါရီလ (၂၂)ရက်နေ့မှ မတ်လ (၁)ရက်နေ့အထိ ဖြေဆိုခြင်းဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ဝင်းအိဇွန် (ပြန်/ဆက်)