လိပ်သိုမြို့၌ ဒေသထွက် ရွှေဖရုံသီးများ ဈေးကောင်းရရှိ

လိပ်သို  မတ်  ၁

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုဒေသသည် တောင်ကုန်းတောင်တန်း ထူထပ်ပေါများပြီး ဥယျာဉ်ခြံသီးနှံများကို အဓိကစိုက်ပျိုးလျက်ရှိရာ  ယခုအခါ မိသားစု စားဝတ်နေရေးအတွက် တစ်ဖက်တစ်လမ်းမှ အပိုဝင်ငွေရရှိစေရန် ရွှေဖရုံသီး တိုးချဲ့စိုက်ပျိုးသူများ အောင်မြင်ဖြစ်ထွန်း လျက်ရှိသဖြင့် ဆွတ်ခူးရောင်းချလျက်ရှိကြောင်း သိရသည်။

ဒေသခံများမှာ ဟင်းသီးဟင်းရွက်များကို စီးပွားဖြစ်စိုက်ပျိုးလေ့မရှိကြသော်လည်းယခင်က ရွှေဖရုံသီးကို စားသုံးရန်နှင့် လက်ဆောင်ပေးရန်အတွက်သာ မိမိတို့၏  အိမ်ခြံဝန်းအတွင်းတွင် ဖြစ်သလိုစိုက်ပျိုးခဲ့ကြရာမှ ယခုအခါ စားသုံးသူများပြားလာ၍ ဈေးကောင်းရရှိလာသော ကြောင့် လိပ်သိုမြို့ပေါ်ဈေးဆိုင်များတွင် ရွှေဖရုံသီးအလုံးအကြီး/ အသေးပေါ်မူတည်၍ လက်လီဈေးတစ်လုံးလျှင် ကျပ်(၁၅၀ဝိ/-) မှ (၂၀၀ဝိ/-) ကျပ  ပေါက်ဈေးထိရှိကြောင်း အမှတ်(၁) ရပ်ကွက်နေ ဖရုံစိုက်တောင်သူတစ်ဦးထံမှ သိရသည်။

လိပ်သိုမြို့တွင် တောင်သူများမှာ မိမိတို့၏ တောင်ယာမြေတို့တွင် ရော်ဘာ၊ ဖရုံ၊ နနွင်း၊ကော်ဖီ၊  ၀ဥ၊ ပြောင်း၊ ချဉ်ပေါင်၊ ပိန်းဥ၊ ပီလောပီနံနှင့် ငရုတ်တို့ကို စီးပွားဖြစ် အားထားစိုက်ပျိုးလျက်ရှိကြပြီး ထွက်ရှိလာသည့် သီးနှံများအား အကျိုးအမြတ်များစွာ ရရှိစေရန်အတွက် အခြားဒေသတို့ကို အများဆုံးတင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။

ခင်လေးနွယ် (လိပ်သို)