မြို့သစ် မတ် ၁
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေ ပေးအပ်ခြင်းကို ယမန်နေ့နံနက်ပိုင်းက ဘုရားကြီးရပ်ကွက်ရှိ သက် ကြီးဘိုးဘွားများ၏ နေအိမ်အရောက် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ လူမှုရေးပင်စင်ထောက်ပံ့ငွေပေးအပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများက အသက်(၈၅)နှစ် နှင့်အထက် သက်ကြီးဘိုးဘွားများ၏ နေအိမ်သို့ သွားရောက်၍ (အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ) သုံးလအတွက် တစ်ဦးလျှင် (၃၀၀၀၀)ကျပ်နှုန်းဖြင့် မြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာအုပ်စု (၅၂)အုပ်စုမှ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား (၉၀၁) ဦးအတွက် စုစုပေါင်း ထောက်ပံ့ငွေကျပ် (၂၇,၀၃၀,၀၀၀)ကို ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ သိရသည်။
ဝင်းအိဇွန် (ပြန်/ဆက်)