ကြို့ပင်ကောက် မတ် ၁
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့ရှိ ဒေသခံလူငယ်များ နွေရာသီကျာင်း ပိတ်ရက်အတွင်း ကျန်းမာကြံ့ခိုင်ရေး အားကစားဖွံ့ဖြိုးတိုးတက်ရေးနှင့် အသင်းအဖွဲ့စိတ်ဓါတ်ကောင်းများရရှိစေရေးအတွက် မတ်လပထမပတ်မှစ၍ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်မီတာလေးရာ ပြည်သူ့အားကစားကွင်းတွင် စုပေါင်းလေ့ကျင့်မှုများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ တိုင်းခရိုင် မြို့နယ်လက်ရွေးစင် အားကစားသမားများ ပေါ်ထွက်လာစေရေး၊ အားကစားနှင့် ကျန်းမာရေး ပညာရေး စိတ်ဓါတ်ရေးရာများတွင် ထူးချွန်သော လူငယ်များပေါ်ထွက်လာစေရေး၊ အခြားမလိုလားအပ်သော လမ်းကြောင်းများ ဦးတည်ချက်များဖြင့် မှားယွင်းမှုများ မဖြစ်ပေါ်စေရေးတို့အတွက် ရည်ရွယ်ပြီး အားကစားနည်း ၇ မျိုးအားစုပေါင်းလေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်း ကျောင်းဖွင့်ရာသီတွင် မြို့နယ်အတွင်းမှအသက် ၁၃ နှစ်နှင့်အသက် ၂၀ ကြားလူငယ် ၄၀ ကျော် လာရောက် လေ့ကျင့်လျက်ရှိကြောင်း စာမေးပွဲများဖြေဆိုနေရချိန်တွင် ခေတ္တအနားပေးထားပြီး နွေရာသီကျောင်းပိတ်ရက်တွင် နံနက်ပိုင်း ကိုယ်လက်လ့ကျင့်ခန်း ကြံ့ခိုင်မှုငါးမျိုး ပြုလုပ်၍ ဘောလုံး၊ ဘော်လီဘော၊ ပိုက်ကျာ်ခြင်း၊ ပြေးခုန်ပစ်၊ လက်ဝှေ့၊ ဝူရှူး၊ စားပွဲတင်တန်းနစ် အားကစားနည်းတို့မှ နည်းပြဆရာများက အခြေခံမှစ၍သင်ကြားပေးသွားမည်ဖြစ်ကြာင်း မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမြင့်နိုင်က ပြောသည်။
ကြို့ပင်ကောက်မြို့ ဒေသခံလူငယ်များအတွင်းမှ ယနေ့အချိန်အထိ အားကစားနှင့်အတူ စိတ်ဓာတ်ရေးရာထူးချွန်သော တိုင်းလက်ရွေးစင်ဘောလုံးအားကစားသမား ကျား(၂)ဦး၊ မ(၁)ဦး၊ ဗန်တိုအားကစား သမားလူငယ်(၃)ဦးနှင့် အနောက်တိုင်းလက်ဝှေ့အမျိုးသမီး(၁)ဦး တရုတ်နိုင်ငံသို့ သွားရောက်ပူးပေါင်းလ့ကျင့်နေသော ဝူရှူးအားကစားသမား (၂)ဦးတို့အား မွေးထုတ်ပေးနိုင်ခဲ့ကြောင်း သိရသည်။
ဇေယျာထွန်း (ပြန်/ ဆက်)