ဖျာပုံ ဖေဖော်ဝါရီ ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများ အသင်း (Book Club)နှင့် ပူးပေါင်း၍ စာပေကိုချစ်မြတ်နိုး တန်ဖိုးထားသူများ တိုးပွားလာစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းကို ယနေ့ နံနက်(၁၁)နာရီအချိန်က ဖျာပုံခရိုင်ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ပြုလုပ် သည်။
ရှေးဦးစွာ ဖျာပုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်စမ်းစမ်းအေးက စာဖတ်ဝိုင်းပြုလုပ်ရ ခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (BookClub)ဥက္ကဋ္ဌ စာရေးဆရာကဗျာ ဆရာ ဇေယျာဘုန်းမြင့်၊ အဖွဲ့ဝင်စာရေးဆရာ တင်နိုင်ဝင်း(ထမင်းစျေး)နှင့် စာအုပ်စာစောင် ချစ်မြတ် နိုးသူများအသင်း (Book Club) ဒု-ဥက္ကဋ္ဌ ပညာရေးအငြိမ်းစားဆရာကြီး ဦးကျင်မြင့်တို့က ဓမ္မစာပေဗဟုသုတ ခေါင်းစဉ်ဖြင့် အသီးသီးဆွေးနွေး ပြောကြားကြသည်။
ထို့နောက် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) နာယက စာရေးဆရာ ဦးကျော်မြင့် (မောင်ယဉ်မိုး)က စာရေးဆရာသိန်းဖေမြင့်ရေးသားသည့် "၆၀ ကျော်မှ ရေးသော" ဝတ္ထုများစာအုပ်မှ "ဒီနေ့တော့ မင်းကို မတွေ့ရပါလား အလှရယ်" ဝတ္ထုတိုဖြင့် အသိပညာပေး ဆွေးနွေးပြောကြားသည်။ ထို့နောက် စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသော စာပေဝါသနာရှင်များက အသီးသီးပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)