ဖားဆောင်း ဖေဖော်ဝါရီ ၂၈
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်၊ ရတနာစျာန်အောင်စေတီတော်ကြီးတွင် အဌမအကြိမ်မြောက်အသံမစဲမဟာပဌာန်းရွတ်ဖတ်ပူဇော်ဖွင့်ပွဲကို ယနေ့နံနက် ၈ နာရီအချိန်ကအဆိုပါစေတီလေးမျက်နှာဘုရားတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာအခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ဖွင့်လှစ်ပြီး ဓမ္မသိဒ္ဓိသိမ်ကျောင်းဆရာတော်ဘဒ္ဒန္တအာဒိစ္စထံမှ ဧည့်ပရိတ်သတ်အပေါင်းက ငါးပါးသီလခံယူဆောက်တည်ရန် မယ်စဲ့ကျောင်းတိုက်ဆရာတော်ဘဒ္ဒန္တသြဇေယျက ပဌာန်းတရားတော်နာယူနိုင်ရန်နတ်ပြဟ္မာများအား ပင့်ဖိတ်သည်။
ယင်းနောက် မွေတော်ပရိယတ္တိစာသင်တိုက်မှဆရာတော်ဘဒ္ဒန္တဝရဓမ္မက ပဌာန်းအမွှန်းဂါထာကို ရွတ်ဖတ်ကာ ဆရာတော်သံဃာတော်အရှင်သူမြတ်တို့က ပဌာန်းတရားတော်များကို ငါးရက်တိုင်တိုင်ရွတ်ဖတ်ပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။
နန်းသဲနုအောင်(ဖားဆောင်း)