ခမောက်ကြီး ဖေဖော်ဝါရီ ၂၈
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ၊ ခမောက်ကြီးမြို့တွင် ၂၀၂၃ ခုနှစ် ၊ မတ်လ(၈) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် တက္ကသိုလ်ဝင်ခွင့် စာပေးပွဲတွင် ကျောင်းသား ၊ကျောင်းသူ (၃၁)ဦး ဖြေဆိုမည်ဖြစ်ကြောင်းသိရသည်။
ခမောက်ကြီးမြို့၌ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို အထကခမောက်ကြီးကျောင်း၊ အ-ထ-က မလိဝမ်းကျောင်းနှင့်အပြင်ဖြေ ကျောင်းသား/ သူ (၃၁)ဦးဝင်ရောက်ဖြေဆိုမည်ဖြစ်ပြီး အတွဲ(၁) ဘာသာရပ်တွင် ( ၁၁) ဦး ၊ အတွဲ(၂) ဘာသာရပ်တွင် ( ၁၈) ဦး ၊ အတွဲ(၇) ဘာသာရပ်တွင် (၂) ဦးရှိရာ ခမောက်ကြီးမြို့တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အ-ထ-က-ခ မောက်ကြီးစာစစ်ဌာနတစ်ခုတည်းတွင် ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
ခမောက်ကြီး ( ပြန်/ဆက်)