သာပေါင်း ဖေဖော်ဝါရီ ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် မီးငြိမ်းသတ် သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းများကို နံနက် ၁၀ နာရီ အချိန်က မြန်မာ့ဆက်သွယ်ရေး (MPT)ရုံးဝန်းကွင်းပြင်၌ ပြုလုပ်ကြသည်။
ထိုသို့ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးစစ်ဆေးခြင်းနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ မီးငြိမ်းသတ်သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခြင်းကို သာပေါင်းမြို့နယ် မီးသတ်စခန်းမှ လက်ထောက်မီးသတ်ဦးစီးမှုး ဦးကျော်ဇင်ထက်နှင့် တပ်ဖွဲ့ဝင်တို့က ဌာနဆိုင်ရာရုံးများသို့ လှည့်လည်ကာ မီးချိတ်၊ မီးကပ်၊ သဲအိတ်များ၊ ရေပုံးများ၊ မီးမိန်းခုံများ၊ မီးသတ်ဆေးဗူးထားရှိမှု စသည့် မီးဘေးကြိုတင်ကာကွယ်ရေးပစ္စည်းများ အသင့်ထားရှိမှု၊ သွယ်တန်းတပ်ဆင်ထားရှိသော လျှပ်စစ်ဝါယာကြိုးများ စနစ်တကျသွယ်တန်းထားရှိမှု၊ လျှပ်စစ်ပစ္စည်များအား လိုက်လံစစ်ဆေးကြပြီး သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက မီးဘေးအန္တရာယ် ကာကွယ်ရေးအတွက် မီးသတ်ဆေးဘူး လက်တွေ့အသုံးပြုပုံ၊ ဆီမီးလောင်မှုအား ရေစိုဝတ်ဖြင့် လက်တွေ့ဖုံးအုပ် ငြှိမ်းသတ်ပုံတို့ကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ လက်ထောက် ကြီးကြပ်ရေးမှူး ဒေါ်အေးမြတ်ကြူ၊ လက်ထောက်ကြီးကြပ်ရေးမှုးဦးထွန်းအောင်၊ လက်ထောက်ကြီးကြပ်ရေးမှုး ဒေါ်အေးအေးမြင့်၊ ဦးအောင်ကိုမင်း(ဆသရ-၅)တို့က လက်တွေ့ အသုံးပြု မီးငြိမ်းသတ်ခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။
မျိုးဇော်သိန်း
သာပေါင်း (ပြန်/ဆက်)