စစ်ကိုင်း ဖေဖော်ဝါရီ ၂၈
စစ်ကိုင်းခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူး၍ ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရေး လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဆင်ပွဲကို ယနေ့ နံနက်ပိုင်းက အဆိုပါရုံးတွင် ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။
သင်တန်းဆင်းပွဲတွင် စစ်ကိုင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂) ဦးတိုးဝေက အသေးစားစက်မှု လက်မှုလုပ်ငန်းများ ထွန်းကားလာစေခြင်းဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေ မှာဖြစ်ကြောင်း၊ စစ်ကိုင်းခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနအနေဖြင့်လည်း ပြည်သူများ အလုပ်အကိုင်ရရှိစေရေးအတွက် ကုန်ထုတ်လုပ်မှု သင်တန်းများကို စဉ်ဆက်မပြတ် ဖွင့်လှစ်ပေးနိုင်တဲ့အတွက် ဝမ်းသာဂုဏ်ယူပါကြောင်း၊ သင်တန်းသားများ အနေဖြင့် လည်း သင်တန်းမှ ပို့ချပေးလိုက်တဲ့ ပညာရပ်တွေကို မိသားစုတစ်ပိုင်တစ်နိုင် လက်တွေ့ဆောင်ရွက်လုပ်ကိုင်သွားကြပါ၊ တစ်ပိုင်တစ်နိုင်မှ တစ်ဆင့် အောင်မြင်သည့် လုပ်ငန်းရှင်များဖြစ်အောင် ကြိုးစားသွားကြပါလို့ စသည်ဖြင့် ပြောကြားပေး ခဲ့သည်။
ဆက်လက်၍ စစ်ကိုင်းခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူးက သင်တန်းဆင်း လက်မှတ်များ ကိုလည်းကောင်း၊ ခရိုင်စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးက သင်တန်းမှရရှိခဲ့သည့် ထုတ်ကုန်ပစ္စည်းများကို လည်းကောင်း အသီးသီးပေးအပ်ခဲ့ကြရာ သင်တန်းသားများက လက်ခံခဲ့ကြပြီး သင်တန်းသားများကိုယ်စား သင်တန်းသူ တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပေးခဲ့ကြောင်း သိရသည်။
ဇော်မြင့်နိုင်