အထက်မင်းလှ ဖေဖော်ဝါရီ ၂၈
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာဖြေဆိုနိုင်ရေး၊ အတွင်းစည်း၊ အပြင်စည်း လုံခြုံရေးဆောင်ရွက်ရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လယ် ၂ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် မင်းလှမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်မှ မင်းလှမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ကျောင်းသား/ကျောင်းသူများ စာမေးပွဲဖြေဆိုရာ၌ ဌာနဆိုင်ရာများအား အပြင်စည်းလုံခြုံရေး တာဝန်ထမ်းဆောင်ရွက်ရန် ဖွဲ့စည်းတာဝန်ပေးထားပြီးဖြစ်ကြောင်း၊ စာစစ်ဌာနများအလိုက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက တာဝန်ကျစာစစ်ဌာနများအား ထပ်ဆင့်ကြီးကြပ်ရန်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ လုံခြုံ ရေးတပ်ရင်း၊ တပ်ဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးရုံး၊ သက်ဆိုင်ရာစာစစ်ဌာနများမှ ကြီးကြပ်ရေးမှူးများ၊ တာဝန်ကျအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများအနေဖြင့် မိမိတာဝန်ထမ်းဆောင်ချိန်အတွင်း ထူးခြားဖြစ်စဉ်များဖြစ်ပွားပါက အချိန်နှင့်တပြေးညီ ဖြေရှင်းဆောင်ရွက်နိုင်ရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားရန် ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်ပညာရေးမှူး ဦးညွန့်ဝင်းက တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနိုင်ရေးအတွက် စီမံဆောင်ရွက်ထားရှိမှုများအား ဆွေးနွေးပြောကြားခဲ့သည်။ ယင်းနောက် အစည်း အဝေး တက်ရောက်လာသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ စာစစ်ဌာနများမှ ကြီးကြပ်ရေးမှူး ဆရာ/ဆရာမများက တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပပြုလုပ်နိုင်ရေး ဆောင်ရွက်မည့်လုပ်ငန်းများအား ဆွေးနွေးခဲ့ကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ဆွေးနွေးချက်များအပေါ် လိုအပ်သည်များအား ဖြည့်စွက်ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)
|