ဆင်ပေါင်ဝဲမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှ မီးဘေးသင့်ပြည်သူများ ထောက်ပံ့ငွေများပေးအပ်

ဆင်ပေါင်ဝဲ ဖေဖော်ဝါရီ ၂၈

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲ မြို့နယ် ကျောက်ချက်ကျေးရွာတွင် ဖေဖော်ဝါရီ ၂၄ ရက်နေ့က ဖြစ်ပွားခဲ့သည့် မီးလောင်မှုကြောင့် မီးဘေးသင့်ခဲ့သည့်ပြည်သူများအား ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ယနေ့ နေ့လည် ၃ နာရီ အချိန်က အဆိုပါ ကျေးရွာ၌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးချန်ဖီယာန်၊ မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစစ်နိုင်ထွန်းနှင့် ဝန်ထမ်းများက ကျောက်ချက်ကျေးရွာ လူဦးရေ စုစုပေါင်း(၄၅)ဦ တို့အတွက် ဆန်ရိက္ခာဖိုး (၇) ရက်စာ (၉၄၅၀၀/-)နှင့် နေအိမ် (၁၂) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂၃၀၀၀၀၀/-)၊ ရန်ပုံငွေ စုစုပေါင်း (၂၃၉၄၅၀၀/-) တို့အား မီးဘေးသင့် ပြည်သူများထံ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ခန့်ဝင်း(ဆင်ပေါင်ဝဲ)