နတ်မောက်မြို့နယ် အင်းကုန်းကျေးရွာ၌ ဒေသစားသုံးမှုများသော ပဲကြီးစံကွက်ရိတ်သိမ်းပွဲကျင်းပ

နတ်မောက် ဖေဖော်ဝါရီ ၂၈

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဦးဆောင်၍  ဒေသစားသုံးမှုများသော ပဲကြီးစံကွက်ရိတ်သိမ်းခြင်းကို ယမန်နေ့နံနက်ပိုင်းက  အင်းကုန်းကျေးရွာအုပ်စု ကွင်းအမှတ်(၄၆၂)၊ တောင်သူ ဦးကြည်ဝင်း၏ ပဲကြီးစိုက်ခင်း(၂)ဧကစံကွက်အား ဒေသခံတောင်သူများနှင့် ပူးပေါင်း၍ ရိတ်သိမ်းခဲ့သည်။

နတ်မောက်မြို့နယ်တွင် ဒေသစားသုံးမှုမြှင့်မားလာသည့် ပဲကြော်ပဲလှော်ကုန်းကြမ်းဖြစ်သော ပဲကြီးစိုက်ခင်း (၈၈) ဧက စိုက်ပျိုးခဲ့ရာ ပဲကြီးသီးနှံရိတ်သိမ်းလျက်ရှိပြီး တစ်ဧကပဲကြီးအထွက်နှုန်း (၁၅) တင်းခွဲ ထွက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ချိုထံက သိရသည်။

လှဝင်း