တနင်္သာရီမြို့နယ်ပြည်သူ့ဆေးရုံရှိလူနာများကို အမှတ်(၂)စစ်နယ်မြေမှူးကထောက်ပံ့ငွေများပေးအပ်၍ လိုအပ်သည်များပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေး

တနင်္သာရီ ဖေဖော်ဝါရီ ၂၈

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ အမှတ်(၂)စစ်နယ်မြေမှူး ဗိုလ်မှူးကြီး အောင်ကိုလတ်သည် ယမန်နေ့ နံနက် ၁၀နာရီက မြို့နယ်ပြည် သူ့ဆေးရုံ၌ ကုသမှုခံယူလျက်ရှိသော လူနာများအား ရင်းရင်းနှီးနှီးအားပေးကြည့်ရှု၍ ပြည်သူ့ဆေးရုံနှင့် လူနာများအတွက် လိုအပ် သည်များပေါင်းစပ်ဖြည့်ဆည်းပေးခဲ့ကြောင်းသိရသည်။

အမှတ်(၂)စစ်နယ်မြေမှူးက ဆေးရုံသို့ရောက်ရှိလာရာ ခေတ္တမြို့နယ်တာဝန်ခံဆရာဝန် ဒေါက်တာနွေးဟေမာသင်းနှင့် သူနာပြုဆရာမကြီး၊ ဆရာမများက ကြိုဆိုခဲ့ကြပြီး ဒေါက်တာ နွေးဟေမာသင်းက မြို့နယ်ပြည်သူ့ဆေးရုံ၏ ဝန်ထမ်းအင်အားစာရင်း၊ ဆေးဝါးထုတ်ယူရရှိမှု နှင့်ယနေ့အထိ တက်ရောက်ကုသမှုခံယူနေသည့် လူနာအမျိုးစားနှင့်အရေအတွက်၊ ကုသပေးနေမှုအခြေအနေများကို လူနာဆောင်များသို့လိုက်လံ၍ ရှင်းလင်းတင်ပြခဲ့ရာ အမှတ်(၂)စစ် နယ်မြေမှူးက လူနာတစ် ဦးချင်းစီအား ရင်းနှီးခင်မင်စွာ မေးမြန်း အားပေးစကားပြော၍ တစ်ဦးလျှင် (၁၀၀၀၀)ကျပ် နှုန်းစီဖြင့် လူနာ(၂၀)ဦးအတွက် ထောက်ပံ့ငွေ (၂၀၀ ၀၀၀)ကျပ်ကို လက်ရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ အမှတ်(၂)စစ်နယ်မြေမှူးထံ ဒေါက်တာနွေးဟေမာသင်းက ဝန်ထမ်းပိုင်း အခြေအနေနှင့်မြို့နယ်ဆရာဝန်ကြီး လစ်လပ်နေမှု၊ ပြည်သူ့ဆေးရုံမှလူနာတင်ကားပြင်ဆင်ရန်လိုအပ်နေမှု၊ ငှက်ဖျားရောဂါကုသဆေး လိုအပ်နေမှုတို့ကိုတင်ပြခဲ့ရာ  အမှတ်(၂)စစနယ် မြေမှူးက တင်ပြမှုများအပေါ် ပေါင်းစပ်ဖြည့် ဆည်းပေးခဲ့ကြောင်း သိရသည်။

တနင်္သာရီမြို့နယ် ပြည်သူ့ဆေူရုံအတွင်း တက်ရောက်ကုသနေသည့် ရိုးရိုးမွေးလူနာ(၂) ဦး၊ ခွဲစိပ်မွေးဖွားမည့်လူနာ(၂)ဦး၊ အထွေထွေရောဂါအမျိုးသား(၉)ဦးနှင့် အမျိုးသမီး(၅)ဦးနှင့် ကလေးလူနာ(၂)ဦး၊ စုစုပေါင်း (၂၀)ဦးရှိကြောင်း သိရသည်။

နန်းသာရီ-ထိန်ဝင်း (ပြန်/ဆက်)