မင်းလှ ဖေဖော်ဝါရီ ၂၈
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ တိုင်းဒေသကြီးငွေလုံးငွေရင်းရန်ပုံငွေ ခွင့်ပြုငွေ(၁၈၃.၀)သန်းကျပ်ဖြင့်ဆောင်ရွက်သည့် စစ်ကွင်း- ဖြူကွင်း- ဇရစ်ချောင်း- မင်းလှကျေးရွာခြင်းဆက် ကျောက်ချောလမ်းခင်းကျင်းခြင်းလုပ်ငန်းမှာ ၉၅ ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနရုံးမှ သိရသည်။
စစ်ကွင်း- ဖြူကွင်း - ဇရစ်ချောင်း- မင်းလှ လမ်းအရှည်(၀/၇.၃၂)မိုင်၊ အကျယ် ၁၆ ပေ၊ အမြင့် ၁၄ လက်မရှိကျေးရွာခြင်းဆက် ကျောက်ချောလမ်းခင်းကျင်းခြင်းလုပ်ငန်းကို မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၂ ခုနှစ်၊ မေလ (ပထမပတ်)က တာဝန်ယူစတင်ဆောင်ရွက်ခဲ့ရာ ယနေ့ထိ ၉၅ ရာခိုင်နူန်းပြီးစီးခဲ့ကြောင်း ၂၀၂၃ ခုနှစ်၊ မတ်လ (ပထမပတ်)တွင် ရာနူန်းပြည့်ပြီးစီးမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကျေးရွာခြင်းဆက်လမ်းပြီးစီးသွားပါက ကျေးရွာအုပ်စု(၅) အုပ်စု၊ ကျေးရွာ(၁၁)ရွာ၊ အိမ်ခြေ(၈၂၀)မှ လူဦးရေ(၃၅၀၇)ဦးတို့သည် စစ်ကွင်းမြို့နှင့်မင်းလှမြို့သို့ အဆင်ပြေလွယ်ကူစွာသွားလာနိုင်မည်ဖြစ်ကြောင်း ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးထံမှ သိရသည်။
ပေါက်စ(မင်းလှ)