ကရသူရိမြို့၌ ယိုးဒယား နာနတ်သီးစိုက်ပျိုးရောင်းချ၍ မိသားစုဝင်ငွေကောင်း

ကရသူရိ ဖေဖော်ဝါရီ  ၂၈

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၌ နှစ်ရှည်သီးနှံခြံများ၌ ကြားညှပ်၍ တစ်ပိုင်တစ်နိုင် ယိုးဒယားနာနတ်သီးစိုက်ပျိုးရောင်းချမှုဖြင့် မိသားစုအပိုဝင်ငွေတစ်ခုရရှိကြောင်းသိရသည်။

“နာနတ်ပင်ကို သီးခြားမြေနေရာရွေးပြီး စိုက်ပျိုးစရာမလိုပါဘူး။ နှစ်ရှည်သီးနှံဖြစ်တဲ့ ကွမ်းသီးခြံနှင့်ရာဘာခြံတို့တွင် ကြားညှပ်သီးနှံအဖြစ်အများဆုံးစိုက်ပျိုးကြတယ်။ နာနတ်ပင်က ရေဝပ်သည့်ဒဏ်ကိုမခံနိုင်သည့်အတွက် တောင်ယာခြံတွေမှာ ယခုလိုကြားညှပ်စိုက်ပျိုးကြတော့ ပိုဖြစ်ထွန်းပါတယ်။အဓိကတော့  အများကြိုက်နှစ်သက်သည့် ထိုင်း (ယိုးဒယား)မျိုးကိုရွေးချယ် စိုက်ပျိုးကြသည့်အတွက် ရောင်းအားလည်းကောင်းတယ်။”

“နာနတ်သီး အငယ်တစ်လုံးကို ၅၀၀ကျပ်ရရှိပြီး အလုံးကြီးလျှင်၁၀၀၀ကျပ်ရရှိကာ ဒေသခံများအနေဖြင့် နီးစပ်ရာကျေးရွာများနှင့် ကော့သောင်းမြို့သို့ တင်ပို့ရောင်းလျက်ရှိကြောင်း” နာနတ်စိုက်ပျိုးရောင်းချသူ တစ်ဦးထံမှသိရသည်။

အဆိုပါ နာနတ်သီးကို စားသုံးခြင်းဖြင့် ဆီးပူ၊ဆီးအောင့်သက်သာခြင်း၊ ဝမ်းသွေးကျခြင်းတို့ကို ပျောက်ကင်းစေသည့်အပြင် ခန္ဓာကိုယ်စွမ်းအားကိုမြှင့်တင်ပေးသည့် အသီးတစ်မျိုးဖြစ် ကြောင်းသိရသည်။

ကရသူရိပြန်/ဆက်