ကလိန်အောင်မြို့တွင် အသက်(၁၅)နှစ်အောက် ကျောင်းပြင်ပကလေးငယ်များနှင့် မူကြိုကလေးငယ်များအား Sinopharm ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေး

ကလိန်အောင် ဖေဖော်ဝါရီ ၂၇

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို၊ အမှတ်(၁)ရပ်ကွက်၊ ကျေးလက်ကျန်းမားရေးဦးစီးဌာနရှိ ဆေးပေးခန်းမ၌ ကလိန်အောင်မြို့ပေါ်ရပ်ကွက်များရှိ အသက်(၁၅)နှစ်အောက် ကျောင်းပြင်ပကလေးငယ်များနှင့် မူကြိုကလေးငယ်များအား Sinopharm ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကို ယနေ့နံနက် ၉ နာရီအချိန်က စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးရာတွင် ကလိန်အောင်မြို့ အုပ်ချုပ်ရေးမှူးဦးအောင်နိုင် ၏ကြီးကြပ်မှုဖြင့် ရေဖြူမြို့နယ် ကျန်းမာရေးဆရာမ ဒေါ်နီလာဦးနှင့်အဖွဲ့တို့သည် ပထမအကြိမ်အဖြစ် ကာကွယ်ဆေးမထိုးနှံရသေးသည့် ကလေးငယ်များအား ကျန်းမာရေးစစ်ဆေးပေးခြင်းဆောင်ရွက်ပြီး မြို့ပေါ်ရပ်ကွက်များမှ အသက်(၁၅)နှစ်အောက် ကျောင်းပြင်ပကလေးငယ်များနှင့် မူကြိုကလေးငယ်များ စုစုပေါင်း(၂၃)ဦးတို့အား Sinopharm COVID-19 ရောဂါကာကွယ်ဆေးအမျိုးအစားကို ထိုးနှံပေးခဲ့ကြကြောင်းသိရသည်။

ခင်ခင်လဲ့