တောင်တွင်းကြီး ဖေဖော်ဝါရီ ၂၇
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် အဘိုးအဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယနေ့နေ့လယ်(၁) နာရီ က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လူမှုရေးပင်စင်ထောက်ပံ့ငွေများ ပေးအပ်ရာတွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်ဦးနှင့် တာဝန်ရှိသူများကရပ်ကွက်/ ကျေးရွာအုပ်စု (၈၂) အုပ်စု တို့မှ အုပ်ချုပ်ရေးမှူးများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများကို လွှဲပြောင်းပေးအပ်ခဲ့ပြီး သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများမှတဆင့် အဘိုးအဘွားများအား တစ်အိမ်တက်ဆင်းလက်ဝယ်အရောက် ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
တောင်တွင်းကြီးမြို့နယ်အတွင်းရှိ အသက် (၈၅) နှစ်နှင့်အထက် အဘိုးအဘွား (၁၆၈၁) ဦးအား အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလမျာအတွက် တစ်ဦးလျှင် (၃၀၀၀၀) ကျပ်နှုန်းဖြင့် စုစုပေါင်း ငွေကျပ် (၅၀၄၃၀၀၀၀-/) ကို ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)