ရွှေဘိုမြို့မစည်ပင်သာယာဈေး၌ မီးဘေးအန္တရာယ်ကာကွယ်ရေး မီးငြိမ်းသတ်နည်း သရုပ်ပြဇာတ်တိုက်လေ့ကျင့်

​ရွှေဘို ​ဖေ​ဖော်ဝါရီ ၂၇

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်​/မြို့နယ် မီးသတ်ဦးစီးဌာနနှင့် စည်ပင်သာယာရေးဌာနတို့ပူးပေါင်း၍ ယ​မန်နေ့ နံနက် ၉ နာရီချိန်က မြို့မစည်ပင်သာယာဈေးကြီးတွင် မီးသတ်ရေပိုက်လိုင်းများ ကောင်းမွန်မှုရှိမရှိစစ်ဆေးခြင်းနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး မီးငြှိမ်းသတ်နည်း သရုပ်ပြဇာတ်တိုက် လေ့ကျင့်မှုများပြုလုပ်ခဲ့ရာ စည်ပင်သာယာရုံးမှအမှု​ဆောင်အရာရှိနှင့်ဝန်ထမ်းများ၊ တာဝန်ရှိသူများနှင့် ဈေးအကျိုးတော်ဆောင်များ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ခရိုင်/မြို့နယ်မီးသတ်တပ်ဖွဲ့၀င်များက ဈေးအတွင်းသွယ်တန်းထားသည့် မီးသတ်ရေပိုက်လိုင်းနှင့်‌ ရေငုတ်များ‌ ကောင်းမွန်မှုရှိမရှိ ကြည့်ရှုစစ်ဆေးခြင်း၊ ဆိုင်ခန်းများတွင ်မီးသတ်​ဆေးဘူးထား ရှိ/မရှိ စစ်ဆေးခြင်း၊ ယာဉ်များဝင်ထွက်သွားလာနိုင်မှု ရှိ/မရှိစစ်​ဆေးခဲ့ပြီးခြင်းနှင့် ရေပိုက်လိုင်းများ အချိန်မရွေးအသုံးပြုနိုင်‌သည်အထိ ဆောင်ရွက်ထားရှိရန်​ပြောကြားခဲ့သည်။

ထို့​နောက် ခရိုင်/မြို့နယ် မီးသတ်ဦးစီးမှူးများက မီးဘေးနှင့်သဘာ၀ဘေးအန္တရာယ် အကြောင်းကိုလည်းကောင်း၊ မီးသတ်ဆေးဘူးတွင်ပါရှိရမည့် သတ်မှတ်ချက်အရည်အ‌သွေး ပြည့်၀မှုရှိမရှိစစ်ဆေးနည်း၊ မီးသတ်ဆေးဘူးအသုံးပြုနည်း၊ မီးငြှိမ်းသတ်နည်းများကို လက်တွေ့ပြသခဲ့ပြီး​နောက် ခရိုင်/မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်ယာဉ်ဖြင့် မီးငြှိမ်းသတ်ခြင်းကို သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခဲ့ကြ‌ ကြောင်းသိရသည်။

ခရိုင် (ပြန်/ဆက်)