အောင်လံမြို့၌ ၂၀၂၃-၂၀၂၄ ခုနှစ် ဘဏ္ဍာနှစ်အတွက် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)နှင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း ကျေးရွာရွေးချယ်ပွဲ အခမ်းအနား ကျင်းပ

အောင်လံ ဖေဖော်ဝါရီ ၂၇

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ ၂၀၂၃-၂၀၂၄ ခုနှစ် ဘဏ္ဍာနှစ်အတွက် ကျေးရွာဖွံ့ ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)နှင့် မြစိမ်းရောင်ကျေးရွာစီမံကိန်းကျေးရွာရွေးချယ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အောင်လံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ရာ အောင်လံခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ တက်ရောက်ခဲ့သည်။

အခမ်းအနားတွင် အောင်လံခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်မြင့်မြင့်အေးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်နိုင်တို့က အမှာစကားများ ပြောကြားပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ထားထားရီက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)နှင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း ကျေးရွာရွေးချယ်မှုနှင့်ပတ်သက်၍ အသေးစိတ်ရှင်းလင်း ပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာသော ဌာနတာဝန်ရှိသူများမှ ၂၀၂၃ -၂၀၂၄ ခုနှစ် ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ကျေးရွာ (၁၄)ရွာနှင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း ကျေးရွာ(၂) ရွာတို့အား အတည်ပြုရွေးချယ်ခဲ့ကြောင်း သိရသည်။

မျိုးသိန်း(ပြန်/ဆက်)