သရက်ချောင်း ဖေဖော်ဝါရီ ၂၇
၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေဆိုကြမည့် သရက်ချောင်းမြို့နယ်မှ ကျောင်းသား၊ ကျောင်းသူများအား စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများကို အဆိုပါမြို့နယ်ရှိ မြို့နယ်ပညာရေးမှူးရုံး၌ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲကို မြန်မာနိုင်ငံတစ်ဝန်းတွင် မတ်လ (၈) ရက်နေ့မှ မတ်လ (၁၈) ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ သရက်ချောင်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်း အ.ထ.က(သရက်ချောင်း)စာစစ်ဌာနတွင် ကျောင်းတွင်း ဝင်ရောက်ဖြေဆိုကြမည့် ကျောင်းသား(၁)ဦး၊ ကျောင်းသူ(၅)ဦး၊ ပြင်ပမှဝင်ရောက် ဖြေဆိုကြမည့် ကျောင်းသား(၃၃)ဦး၊ ကျောင်းသူ(၄၃)ဦး၊ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၈၂)ဦး ဝင်ရောက်ဖြေဆိုကြမည်ဖြစ်ပြီး အဆိုပါ စာမေးပွဲဝင်ရောက်ဖြေဆိုကြမည့် ကျောင်းသား ကျောင်းသူများ စာမေးပွဲဖြေဆိုခွင့်ကတ်များ ထုတ်ပေးနေပြီဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
နန်းခလိုက်