ဘက်စုံပိုးမွှား​ရောဂါ ကာကွယ်နှိမ်နင်းနည်းစနစ်များအ​ကြောင်း အသိပညာ​ပေး(Talk Show) ပြုလုပ်

​ရွှေဘို ​ဖေ​ဖော်ဝါရီ ၂၇

စစ်ကိုင်းတိုင်း​ဒေသကြီး၊​ ရွှေဘိုခရိုင် ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန Community Centre ခန်းမတွင်​ ဘက်စုံပိုးမွှား​ရောဂါ ကာကွယ်နှိမ်နင်းနည်း စနစ်များအ​ကြောင်း အသိပညာ ပေး (Talk Show) ကို ယ​မန်နေ့ နံနက် ၁၀ နာရီချိန်က ပြုလုပ်ခဲ့​ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်​အေးမြင့်စန်းက အသိပညာပေး ဆွေးနွေးပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး​ရွှေဘိုခရိုင် စိုက်ပျိုး​ရေးဦးစီးဌာန လက်​ထောက်ညွှန်ကြား​ရေးမှူး​ ဒေါ်ဇာဇာမင်းက ​ရွှေဘိုခရိုင်သည် သီးနှံမျိုးစုံ စိုက်ပျိုးသည့်ဒေသဖြစ်​သော်လည်း စပါးသီးနှံကိုအဓိကထား စိုက်ပျိုးလျက်ရှိ​ကြောင်း၊ သဖန်းဆိပ်ဆည်​ရေဖြင့် နှစ်စဉ်နွေစပါး၊ မိုးစပါး ဆက်တိုက်စိုက်ပျိုးမှုအ​ပေါ် ပိုးမွှားများကင်းစင်​စေရန်၊ IPM စနစ်ကို​ တောင်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး ကျင့်သုံးလိုက်နာတတ်​စေရန်၊ IPM အ​ခြေခံနည်းစနစ် (၃)မျိုးနှင့် ကာကွယ်နှိမ်နင်းခြင်း နည်းလမ်း(၇)မျိုးဖြစ်သည့် သဘာဝနည်းဖြင့် ကာကွယ်နှိမ်နင်း ခြင်း၊ စိုက်ပျိုးနည်းဖြင့် ကာကွယ်နှိမ်နင်းခြင်း၊ လက်ဖြင့် ကာကွယ်နှိမ်နင်းခြင်း၊ ရူပနည်းဖြင့် ကာကွယ်နှိမ်နင်းခြင်း၊ ဇီဝနည်းဖြင့် ကာကွယ် နှိမ်နင်းခြင်း၊ မျိုးရိုးဗီဇနည်းဖြင့် ကာကွယ်နှိမ်နင်းခြင်း၊ ဓါတုနည်းဖြင့် ကာကွယ်နှိမ်နင်းခြင်း စသည့် အကြောင်းအရာ များကို အကျယ်တဝင့် ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဆောင်ရွက်ခြင်းများကို Online စနစ်ဖြင့် ပြည်သူများ အသိပညာဗဟုသုတတိုးပွားစေရန် အသိပညာ‌ပေး ‌Talk Show အစီအစဉ်များကို ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များနှင့် ပူးပေါင်း၍ We love Shwe Bo Facebook Page တွင် စဉ်ဆက်မပြတ် စီစဉ်တင်ဆက်​ပေးလျက် ရှိကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်