လိပ်သို ဖေဖော်ဝါရီ ၂၇
ကရင်ပြည်နယ်၊သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့၌ ၂၀၂၃ ခုနှစ်၊ မတ်လအတွင်း ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲတွင် ကျောင်းသား/ကျောင်းသူ (၅၉) ဦး ဝင်ရောက်ဖြေ ဆိုသွားမည်ဖြစ်ကြောင်း ကျောင်းအုပ်ဆရာမကြီးထံမှ သိရသည်။
အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာနအဖြစ် အခြေခံပညာအထက်တန်းကျောင်း (လိပ်သို) ကျောင်းတွင် အခြေခံပညာအထက်တန်း ကျောင်း(လိပ်သို) မှ ဝင်ရောက် ဖြေဆိုမည့် ကျောင်းသား/ကျောင်းသူ (၁၅)ဦး အခြေခံပညာအထက်တန်းကျောင်း သံမိုးတောင် မှ ဝင်ရောက် ဝင်ရောက်ဖြေဆိုသူ (၇) ဦးနှင့် ပြင်ပဖြေဆိုသူ (၃၇) ဦး၊ စုစုပေါင်း ကျောင်းသား/ကျောင်းသူ (၅၉) ဦးတို့က ဝင်ရောက်ဖြေဆိုသွားမည်ဖြစ်ကြောင်း သိရသည်။
ခင်လေးနွယ် (လိပ်သို)