မအူပင် ဖေဖော်ဝါရီ ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ ကွန်စုကျေးရွာအုပ်စု၊ တမံလေးကျေးရွာ တောင်သူဦးဆန်းဇော်ဝင်း၏ ကွင်းအမှတ် (၈၂၈)တွင် ကောက်စိုက်စက်ဖြင့် နွေစပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲကို ယနေ့နံနက် ၉ နာရီက ဆောင်ရွက်သည်။
အဆိုပါ ဆောင်ရွက်ရာသို့ မအူပင်ခရိုင် စက်မှုလယ်ယာစခန်းခရိုင်တာဝန်ခံ ဦးသန်းဇော်ဦး၊ မြို့နယ်ဦးစီးဌာနမှူးဦးငြိမ်းချမ်းမြင့်၊ ဦးစီးမှူးဦးအောင်ကျော်မိုးနှင့် ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြအေးနှင့် ဒေသခံတောင်သူများ တက်ရောက်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
ကောက်စိုက်စက်ဖြင့်စိုက်ပျိုးခြင်းဖြင့် လုပ်အားခသက်သာခြင်း မျိုးစေ့ကုန်ကျမှုနည်းပါးခြင်း၊ ပျိုးပင်နှုတ်ယူရန် မလိုအပ်ခြင်း၊ လေဝင်လေထွက်ကောင်းသဖြင့် အထွက်နှုန်းကောင်းမွန်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)