တောင်တွင်းကြီးမြို့တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လှည့်လည်အသိပေးနှိုးဆော်

တောင်တွင်းကြီး ဖေဖော်ဝါရီ ၂၇

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်းရှိပြည်သူများ မီးပေါ့ဆမှုမရှိစေရန်နှင့် မီး‌လောင်မှုလျှော့နည်းပပျောက်စေရန်ရည်ရွယ်ပြီး မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအသိပညာပေးလှည့်လည်‌ကြေညာခြင်းကို ယမန်နေ့ နေ့လယ်က ဆောင်ရွက်ခဲ့သည်။

ထိုသို့အသိပညာပေး လှည့်လည်ကြေညာခြင်းကို  မြို့နယ်မီးသတ်ဦးစီးမှူးဦးစောမောင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ တာဝန်ရှိသူများပူး‌ပေါင်း၍  ပွင့်လင်းခြောက်သွေ့သောနွေရာသီသို့ ရောက်ရှိလာပြီဖြစ်သဖြင့် မီးကို အထူးဂရုပြုသုံးစွဲရေး၊ သတ်မှတ်ထားသည့် မီးသုံးစွဲချိန်အတိုင်း အသုံးပြုစေရေး၊ နေအိမ်များတွင် မီးချိတ်၊ မီးကပ်၊ ရေအိတ်၊ သဲအိတ်ထားရှိလိုက်နာ ဆောင်ရွက်စေရေးတို့ကို လှည့်လည်အသိပေးနှိုးဆော်‌ ကြေညာခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)