စစ်ကိုင်း ဖေဖော်ဝါရီ ၂၇
စစ်ကိုင်းတက္ကသိုလ်တွင် ခရိုင်စားသုံးရေးရာဦးစီးဌာနမှကြီးမှူး၍ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောဆွေးနွေးပွဲကို ယမန်နေ့က အဆိုပါတက္ကသိုလ်ရှိ အားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့ ကြောင်းသိရသည်။
ဟောပြောဆွေးနွေးပွဲတွင် စစ်ကိုင်းတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာစိုးမြင့်အေးက အနယ်နယ်အရပ်ရပ်မှ ပညာသင်ကြားနေကြသည့် ကျောင်းသား/ကျောင်းသူများအနေဖြင့် မိမိတို့စားသုံးသူ အတွက် အသိပညာဗဟုသုတများရရှိစေရန် သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများက လာရောက် ဆွေးနွေးပေးချက်များကို စိတ်ဝင်စားစွာနားထောင်ပြီး အသိပညာဗဟုသုများ ရရှိအောင်လေ့လာမှတ်သားသွားကြပါလို့ သိရှိထားသည့် အသိပညာများကိုလည်း ပြန်လည်မျှဝေသွားကြပါလို့ စသည်ဖြင့်ပြောကြားကာ ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယဦးစီးမှူးက ဌာနဖြစ်ပေါ်လာပုံနှင့် ခရိုင်ဦးစီးမှူးက စားသုံးသူများ၏ရပိုင်ခွင့်နှင့် အခွင့်အရေးများ၊ ဥပဒေ/ နည်းဥပဒေများ၊ ထုတ်လုပ်သူ လုပ်ငန်းရှင်များ၏ သက်မှတ်စည်းကမ်းနှင့် ဥပဒေ/ နည်းဥပဒေများ၊ လိုက်နာမှုမရှိပါက ကျခံရမည့် ပြစ်မှု/ ပြစ်ဒဏ်များ အကြောင်းတို့ကို အသေးစိတ်ရှင်းလင်း ဆွေးနွေးပေးခဲ့ကြကာ ပါမောက္ခချုပ်က အမှတ်တရဂုဏ်ပြုလက်ဆောင် ပြန်လည်ပေးအပ်ခဲ့သည်။
စစ်ကိုင်းခရိုင်စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ပြည်သူများစားသုံးသူကာကွယ်ရေးအတွက် မြိုးပေါ်ရှိဈေးများအတွင်းနှင့် လူသုံးကုန်ပစ္စည်းထုတ်လုပ်သည့် လုပ်ငန်းရှင်များသို့ သွားရောက်၍ အသိပညာပေးခြင်းနှင့် ဥပဒေ/နည်းဥပဒေများကို စဉ်ဆက်မပြတ်ကွင်းဆင်း ဆောင်ရွက်ပေးလျှက် ရှိကြောင်း သိရသည်။
ဇော်မြင့်နိုင်
စစ်ကိုင်းခရိုင်( ပြန်/ဆက်)