နတ်မောက် ဖေဖော်ဝါရီ ၂၇
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့ တမာပင်ရပ်ကွက်ရှိ အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွား (၁၂) ဦးအား လူမှုရေးပင်စင်ထောက်ပံ့ငွေများကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့များ၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ တမာပင်ရပ်ကွက် စာရေးနှင့်အုပ်ချုပ်ရေးမှူးတို့က အဘိုး/အဘွားများ၏ လက်ဝယ်အရောက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။
အဆိုပါ လူမှုရေးပင်စင်ထောက်ပံ့ပေးရာတွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် တတိယ(၃)လပတ်အတွက် အဘိုး/အဘွား (၁)ဦးလျှင် ငွေကျပ်(၁၀၀၀၀)နှုန်းဖြင့် (၃)လစာငွေကျပ် (၃၀၀၀၀)ကို အဘိုးအဘွား (၁၂)ဦးအား စုစုပေါင်းငွေကျပ် (၃၆၀၀၀၀) အား ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
လှဝင်း