ငပုတော ဖေဖော်ဝါရီ ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၌ မြို့သန့်ရှင်းသာယာလှပစေရေးအတွက် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရှိန်းနေလွင်ထွန်းနှင့် သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များက ပြည်သူများသိရှိစေရန် အသိပေးကြေညာခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယမန်နေ့နံနက် ( ၁၁ ) နာရီအချိန်က ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ငပုတောမြို့နယ်အား မြို့အင်္ဂါရပ်နှင့်အညီ Green City၊ Cleen City ဖြစ်လာစေရေးနှင့် မြို့သန့်ရှင်းသာယာလှပစေရေးအတွက် ရေစီး၊ ရေလာကောင်းမွန်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ နေ့စဉ်မီးဖိုဆောင်ထွက် အမှိုက်များနှင့် သာမန်အမှိုက်များ သိမ်းဆည်းပေးခြင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် အပတ်စဉ် (စနေ့နေ့) တိုင်းဌာနဆိုင်ရာများနှင့် ရပ်ကွက်နေပြည်သူများပူးပေါင်းပါဝင်၍ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။
မြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် မိမိတို့၏နေအိမ်ရှေတွင် ခြုံနွယ်များရှိပါက ခုတ်ထွင်ရှင်းလင်းခြင်း၊ မိုးရာသီအချိန်တွင် ရေစီး၊ ရေလာကောင်းမွန်စေရေးအတွက် ရေနုတ်မြောင်းများတူးဖော်ခြင်း၊ ခြံစည်းရိုးများကို ဆေး (သို့မဟုတ်) ထုံးသုတ်ခြင်၊ နေအိမ်များမှ ထွက်ရှိသောစွန့်ပစ် အမှိုက်များ၊ ပလပ်စတစ်အိတ်များ စည်းကမ်းမဲ့စွန့်ပစ်ခြင်း မပြုကြရန် စနစ်တကျထုတ်ပိုးထားရှိ၍ အမှိုက်သိမ်းယာဉ်ပေါ်သို့ တင်ဆောင်ပေးခြင်းဖြင့် ဝိုင်းဝန်းကူညီဆောင်ရ့က်ပေးကြပါရန် ပြည်သူများသိရှိစေရန် အသိပေးကြေညာခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
အောင်သူ (ပြန်/ဆက်)