မြို့သစ် ဖေဖော်ဝါရီ ၂၇
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် တပ်ကုန်းကျေးရွာတွင် ရေမွှေးပန်းများ စိုက်ပျိုးခြင်း အောင်မြင်ဖြစ်ထွန်းပြီး နေ့စဉ်ပုံမှန်ဝင်ငွေရရှိကြောင်း ပန်းစိုက်တောင်သူများထံမှသိရသည်။
မြို့သစ်မြို့နယ် တပ်ကုန်းကျေးရွာမှ တောင်သူများအနေဖြင့် မြေအောက်ရေ/ဆည်ရေတို့ဖြင့် သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိပြီး ရေမွှေးပန်းများစိုက်ပျိုးအောင်မြင်ကာ ပန်းများကို မြို့သစ်မြို့ စည်ပင်သာယာစျေးနှင့်နတ်မောက်၊ တောင်တွင်း၊ ကျောက်ပန်းတောင်းမြို့အထိ သွားရောက်ရောင်းချကြောင်း ရေမွှေးပန်းစိုက်ပျိုးသူတစ်ဦးထံမှ သိရသည်။
ရေမွှေးပန်းစိုက်ပျိုးရာတွင် နွေ၊ မိုး၊ ဆောင်း ရာသီမရွေးရေလောင်းစိုက်ပျိုးနိုင်ကြောင်း၊ မြေဆီမြေသြဇာကိုလည်း အပြင်ကဝယ်ယူစရာမလိုပဲ မိမိတို့အိမ်တွင် မွေးမြူထားသည့် နွားချေး၊ မကြီးရွက်မြေဆွေးများဖြင့် ရောစပ်စိုက်ပျိုးကြကြောင်း၊ ယခုဆိုလျင်ရေမွှေးပန်းများကို စတင်ရောင်းချနိုင်ပြီး တစ်နေ့လျှင် (၁၅၀၀၀)နှင့်(၂၀၀၀၀) ကျပ်ဖိုး ခန့်အထိ ရောင်းချရရှိကြောင်း ၎င်းက ဆက်လက်ပြောပြသည်။
မြို့သစ်မြို့နယ်မှ စိုက်ပျိုးထားသည့် ရေမွှေးပန်းပင်များအောင်မြင်ဖြစ်ထွန်းကာ တစ်နေ့လျှင် (၁၅၀၀၀) နှင့် (၂၀၀၀၀) ကျပ်ဖိုးခန့် အထိရောင်းချရရှိသည့်အတွက် နေ့စဉ်ပုံမှန်ဝင်ငွေရရှိကြောင်း ပန်းစိုက်တောင်သူများထံမှ သိရသည်။
သန်းဝင်းထွန်း(IPRD)