ချောင်းသာမြို့ ၌ ဌာနဆိုင်ရာပူးပေါင်းအဖွဲ့မှ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ချောင်းသာ ဖေဖော်ဝါရီ ၂၆

ဧရာဝတီတိုင်းဒေသကြီး ၊ပုသိမ်ခရိုင်၊ ချောင်းသာမြို့အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာအုပ်စုများအတွင်း၌ လုံခြုံရေး၊တရားဥပဒေစိုးမိုးရေးနှင့်ရပ်ရွာအေးချမ်းသာယာရေးအတွက် မြို့အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းနှင့် ဒေသခံပြည်သူများတွေ့ဆုံပွဲကို ယနေ့ နံနက် နာရီက ဒေါနတောင်ဘုန်းတော်ကြီးကျောင်းမ္မာရုံတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။

လုံခြုံရေး၊တရားဥပဒေစိုးမိုးရေးနှင့်ရပ်ရွာအေးချမ်းသာယာရေးအတွက် မြို့အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းနှင့် ဒေသခံပြည်သူများတွေ့ဆုံပွဲသို့ ပုသိမ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးဇော်နိုင်နှင့်ချောင်းသာမြို့မှဌာနဆိုင်ရာများတက်ရောက်ခဲ့ကြပြီး ပညာရေး၊ ရပ်ရွာအေးချမ်းတည်ငြိမ်ရေး ၊ဖွံ့ဖြိုးတိုးတက်ရေး စသည့်လုပ်ငန်းများကြောင်းကို ဌာနအကြီးအကဲများမှ မိမိတို့ဌာနအလိုက်ဆောင်ရွက်နေမှုများကို ချပြဆွေးနွေးခဲ့ကြသည်။

ယင်းနောက် ဒေသခံပြည်သူများမှတင်ပြလာသည့်လိုအပ်ချက်များအပေါ် ချက်ချင်းညှိနှိုင်းဆောင်ရွက်နိုင်သည်များကို ချက်ခြင်းညှိနှိုင်းဆောင်ရွက်ပေးခြင်းနှင့် ဆောင်ရွက်မပေးနိုင်သည်များကို သက်ဆိုင်ရာအထက်ဌာနများသို့တင်ပြပြီး  ပြန်လည်ဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်းတို့ကို တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ရပ်ကွက်နှင့်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၊ ကျေးရွာရာအိမ်မှူးများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

ကျော်ကျော်(ပြန်/ဆက်)