အင်္ဂပူမြို့တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လှည့်လည်အသိပေးနှိုးဆော်

အင်္ဂပူ ဖေဖော်ဝါရီ ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်းရှိပြည်သူများ မီးပေါ့ဆမှုမရှိစေရန်နှင့်မီး‌ လောင်မှုလျှော့နည်းပပျောက်စေရန်ရည်ရွယ်ပြီး မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေးလှည့်လည်‌ ကြေညာခြင်းကို ယမန်နေ့ညပိုင်းက ဆောင်ရွက်ခဲ့သည်။

ထိုသို့အသိပညာပေး လှည့်လည်ကြေညာခြင်းကို  မြို့နယ်မီးသတ်ဦးစီးမှူးဦးတင်‌မောင်ထွေးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ တာဝန်ရှိသူများပူး‌ပေါင်း၍  ပွင့်လင်းခြောက်သွေ့သောနွေရာသီသို့ရောက်ရှိလာပြီးဖြစ်သဖြင့် မီးကို အထူးဂရုပြုသုံးစွဲရေး၊ သတ်မှတ်ထားသည့် မီးသုံးစွဲချိန်အတိုင်း အသုံးပြုစေရေး၊ နေအိမ်များတွင် မီးချိတ်၊ မီးကပ်၊ ရေအိတ်၊ သဲအိတ်ထားရှိလိုက်နာဆောင်ရွက်စေရေးတို့ကို လှည့်လည်အသိပေးနှိုးဆော်‌ ကြေညာခဲ့ကြောင်း သိရသည်။

မန်းကျော်(ပြန်/ဆက်)