တောင်တွင်းကြီးမြို့နယ်၊ နှစ်ကျပ်ခွဲကျေးရွာတွင် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်လှစ်

​တောင်တွင်းကြီး ဖေဖေါ်ဝါရီ  ၂၆

မကွေးတိုင်း​ဒေသကြီး​၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှကြီးမှူး၍ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာပေးသင်တန်းအမှတ်စဉ်(၃/၂၀၂၃)ဖွင့်ပွဲကို ယမန်နေ့က တောင်တွင်းကြီးမြို့နယ် နှစ်ကျပ်ခွဲ‌ကျေးရွာတွင် MSME အထောက်အကူပြုအနေဖြင့် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲတွင် ​မကွေးတိုင်းဒေသကြီး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန တိုင်းဒေသကြီးညွှန်ကြားရေးမှူးဦးစိုးနိုင်ထူးက အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိအောင် နည်းပညာပေးသင်တန်းများ ဖွင့်လှစ်နိုင်သည့်အတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ သင်တန်းတက်​ရောက်ကြသူများအ​နေဖြင့် အရည်အ​သွေး​ကောင်းမွန်သည့် ထုတ်ကုန်ပစ္စည်းများထုတ်လုပ်​ရောင်းချနိုင်သည်အထိ ကြိုးစားအားထုတ်ကြရန်လိုပါကြောင်း၊ အ​သေးစားစက်မှုလက်မှုလုပ်ငန်းများ ထွန်းကားလာစေခြင်းဖြင့် နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်မှုကို အ​ထောက်အကူဖြစ်​စေမည်ဖြစ်ကြောင်း၊ နိုင်ငံခြားမှတင်သွင်းလာ​သော လူသုံးကုန်ပစ္စည်းများ​နေရာတွင် ပြည်တွင်းဖြစ်လူသုံးကုန်များဖြင့် အစားထိုးနိုင်ရန်၊ နိုင်ငံခြားသုံး​ငွေ​​လျှော့ချနိုင်​စေရန်၊​ ဒေသခံပြည်သူများ ကိုယ်ပိုင်စီးပွား​ရေးလုပ်ငန်းထူ​ထောင်ပြီး တစ်ဦးခြင်းဝင်​​ငွေတိုးတက်​စေရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်​ကြောင်း​ ပြောကြားခဲ့သည်။

အဆိုပါသင်တန်းတွင် တိုင်း‌‌ဒေသကြီးအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ သင်တန်းဆရာ၊ ဆရာမများက အဝတ်လျှော်ဆပ်ပြာ၊ ဆပ်ပြာဆီ၊ ပန်းကန်‌ဆေးဆပ်ပြာ၊‌ ရေချိုးဆပ်ပြာ၊‌ ခေါင်းလျှော်ရည် စသည့်ပြုလုပ်နည်း(၁၄)မျိုးကို ဖေဖေါ်ဝါရီ(၂၅)ရက်​နေ့မှ မတ်လ(၁)ရက်​နေ့ထိ (၅)ရက်ကြာ စာတွေ့/ လက်တွေ့ သင်ကြားပို့ချပေးမည်ဖြစ်​ပြီး သင်တန်းသား/ သူ (၂၀)ဦး တက်ရောက်ခဲ့‌ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)