မြို့သစ် ဖေဖော်ဝါရီ ၂၆
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူအသင်း(Book Club) အဖွဲ့တို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ နွေရာသီအားလပ်ရက်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်စေရန်အတွက် နွေရာသီအခြေခံပန်းချီပညာသင်တန်းနှင့် အင်္ဂလိပ်စာ (Grammar)သင်တန်းကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ မတ်လ ၁ရက်နေ့ကစတင်၍ ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါသင်တန်းများတွင် အခြေခံပန်းချီပညာသင်တန်း၌ ပန်းချီဆရာဦးတင်မောင်ဝင်းက အခြေခံပညာအတန်း(Grade-3 မှ Grade-8)အထိ၊ အင်္ဂလိပ်စာ(Grammar)သင်တန်းတွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဒုတိယဦးစီးမှူးဒေါ်စံပယ်စန်းဝင်းက(Grade-4 မှ Grade-8)အထိအဆင့်များအား တနင်္လာနေ့မှ ကြာသပတေးနေ့အထိ(တစ်ပတ်လျှင် ၄ ရက်)ဖြင့် မတ်လ ၁ရက်နေ့မှ ဧပြီလ ၆ ရက်နေ့အထိ နံနက် ၈ နာရီမှ ၉ နာရီအထိ တစ်ချိန်၊ ညနေ ၄ နာရီမှ ၅ နာရီအထိ တစ်ချိန် ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။
ဝင်းအိဇွန်(ပြန်/ဆက်)