ပိုင်ကျုံမြို့ လူထုအခြေပြုဗဟိုဌာန၌  ကျောင်းသား လူငယ်များ ကာယဉာဏဖွံ့ဖြိုးတိုးတက်စေရေး ပြိုင်ပွဲများဆောင်ရွက်

ပိုင်ကျုံ  ဖေဖော်ဝါရီ   ၂၆

ကရင်ပြည်နယ်၊ ဘာအံခရိုင်၊ ပိုင်ကျုံမြို့ရှိ ကျောင်းသားလူငယ်များအား နွေရာသီ ကျောင်းပိတ်ရက်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရေးအတွက် ပြည်သူ့စာကြည့်တိုက်ကို ယုံကြည်အားကိုးပြီးလာရောက်သည့် လူငယ်လူရွယ်များအား ကာယဉာဖွံ့ဖြိုး တိုးတက် စေရေးနှင့် စိတ်အပန်းဖြေပျော်ရွင်စေရေးအတွက် ပြိုင်ပွဲများကို ယ‌မန်နေ့က ဆောင်ရွက်ပေးခဲ့သည်။

ပိုင်ကျုံမြို့ ပြည်သူ့စာကြည့်တိုက်တွင် ပုံမှန်လာရောက်လေ့လာကြသည့် ကျောင်းသားလူငယ်များအား မြို့ဦးစီးမှူးနှင့် ဝန်ထမ်းများတို့က   စကားပုံဆက်ပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ ၊ စက္ကူခေါက်ပြိုင်ပွဲနှင့် ပုံပြောပြိုင်ပွဲများ  ဆောင်ရွက်ပေးခဲ့သည်

ထိုပြိုင်ပွဲတွင် လာရောက်ယှဉ်ပြိုင်ကြသည့် ကျောင်းသားလူငယ်များအား အမှတ်တရလက် ဆောင်အဖြစ်ဗလာစာအုပ် ခဲတံနှင့်အဟာမုန်များတိုက်ကျွေးခဲ့ပြီး ပြိုင်ပွဲများကို အပတ်စဉ်‌ စနေနေ့တွင်ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။  

နော်ခူး(ပြန်/ဆက်)