ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အဖွဲ့ သာပေါင်းမြို့နယ်တွင် ပြုပြင်တည်ဆောက်လျက်ရှိသည့် အကျော်ဇေယျပဿထစေတီတော်မြတ်ကြီး ဌာပနာပိတ်ပွဲနှင့် ရွှေထီးတော်တင် လှူမင်္ဂလာအခမ်းအနားကျင်းပရေး စီစဉ်ဆောင်ရွက်လျက်ရှိရာသို့ ရောက်ရှိကြည့်ရှု

သာပေါင်း ဖေဖော်ဝါရီ ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊သာပေါင်းမြို့နယ်၊ သရက်ကုန်းကျေးရွာအုပ်စု၊ ဘုရားကြီးကျေးရွာ၌ ပြုပြင်တည်ဆောက်လျက်ရှိသည့် အကျော်ဇေယျပဿထ စေတီတော်မြတ်ကြီး ဌာပနာပိတ်ပွဲနှင့်ရွှေထီးတော်တင် အလှူမင်္ဂလာအခမ်းအနားကျင်းပရေးအတွက် တည်ဆောက်ရေးလုပ်ငန်းခွင်သို့ ဖေဖော်ဝါရီလ၂၄ ရက်နေ့ မွန်းလွဲ ၃ နာရီခွဲအချိန်က ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များ သွားရောက်လှည့်လည်ကြည့်ရှုခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊လမ်းပန်းဝန်ကြီးရဲမှူးကြီးတင်ဇော်ထွန်း၊ တိုင်းရင်းသားရေးရာဝန်ကြီးဦးစောလင်းခယ်၊ခရိုင်အုပ်ချုပ်ရေးမှူးဦးလင်းကိုကို တို့သည်ပြုပြင်တည်ဆောက်နေသည့် အကျော်ဇေယျပဿထစေတီတော်မြတ်ကြီး ဌာပနာပိတ်ပွဲနှင့်ရွှေထီးတော်တင်လှူမင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်ရန်အတွက်စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမင်းဧရာထိုက်နှင့် အဖွဲ့ဝင်များ၊တာဝန်ခံအင်ဂျင်နီယာဦးနိုင်ဦး၊ကိုယ်စားလှယ်ဦးအောင်ရွှေ၊ဂေါပကအဖွဲ့ဝင်တို့က ရှင်းလင်းတင်ပြရာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်အဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်နေမှု အခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းညွှန်ကြား ဆောင်ရွက်ပေးခဲ့ကြကြောင်းသိရှိရသည်။

မျိုးဇော်သိန်း